This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Thursday, January 23, 2014

Huawei G730-U00 CWM Recovery (English) +SP Flash Tool

Huawei G730-U00 CWM Recovery (English) +SP Flash Tool

Huawei G730-U00 CWM Recovery လေးပါ ။ English Version လေးဖြစ်ပါတယ်။

လိုအပ်မယ်ထင်တဲ့ သူငယ်ချင်း အောက်ကလင့်မှာ ဒေါင်းပါ။

CWM ထည့်သွင်းပုံကို ပုံနဲ့တကွ ပြထားပါတယ်။

အရင်ဆုံး လိုအပ်သည်များ ဒေါင်းပါ၊

DOWLOAD G730-U00 CWM

DOWLOAD SP Flash Tools

 Download ဆွဲလို့ ရလာတဲ့ အထဲက Flash Tool.exe ကို အောက်မှာ ပြထားတဲ့ ပုံ ထဲက အတိုင်း Run ပါ။



အောက်က ပုံလေးထဲကအတိုင်း scatter.txt ကို ထည့်ရပါမယ်။

 အောက်က ပုံလေးထဲကအတိုင်းပဲ CWM Recovery img လေးကို ထည့်ပေးရပါမယ်။



 Download ဆိုတာကို နှိပ်ပါ။

ဒီအဆင့်ပြီးသွားရင်တော့ မိမိဖုန်းကို ပါဝါပိတ်ပါ။ ဘက်ထရီ ခနဖြုတ်ပြီး ပြန်တပ်။ ကွန်ပျူတာမှာ USB ထိုးလိုက်ပါ။ အလိုအလျှောက်တင်ပေးသွားပါလိမ့်မယ်။

အားလုံးပဲ အဆင်ပြေကြပါစေ။
 
Crdit to ... myanaungtharr
 

China Tablet တွေ recovery မပါလို့စိတ်ညစ်နေလား ???? recovery မပါတဲ့ tablet တွေ lock ဖြည်ကြမယ် China Tablet တွေ recovery မပါလို့စိတ်ညစ်နေလား ???? recovery မပါတဲ့ tablet တွေ lock ဖြည်ကြမယ်


China Tablet တွေ recovery မပါလို့စိတ်ညစ်နေလား ????

recovery မပါတဲ့ tablet တွေ lock ဖြည်ကြမယ်

Recovery မပါသော China Tablet များ recovery မပါလို့ android ဆိုတဲ့ နေရာက နေမသွားတော့ပဲLoop ပတ်နေတာတွေ.... Passcode,Pattern lock,Password မေ့သွားတာတွေ Gmailတောင်းနေတာတွေကို ဖြုတ်ပစ်ပေးနိုင်တဲ့ tools လေးပါ .... service သမားတွေ မရှိမဖြစ်ကိုဆောင်ထားသင့်တယ်ထင်တာပဲဗျာ... ကျွန်တော်ကတော့ တော်တော်လေးကို သဘောကျပါတယ်... A10 လား A13 လား ကြိုက်တဲ့ Chipset လာခဲ့ ပါလို့ ခေါ်လို့ရတယ်ဗျ... ဒီ tool လေးက စမ်းကြည့်ချင်တယ်ဆိုရင်အောက်မှာဒေါင်းနော်.....

Monday, December 30, 2013

Apk ဖိုင်များကို မိမိကြိုက်ရာ အိုင်ကွန်ပုံချိန်းနည်း

Apk ဖိုင်များကို မိမိကြိုက်ရာ အိုင်ကွန်ပုံချိန်းနည်း


Apk ပေါ်မှာ Right Click နှိပ်လိုက်ပါ

7zip >>> Open archive >>> res >>> drawable-xhdpi ဆိုတဲ့ဖိုဒါထဲက icon ဆိုပြီးထိပ်စီးနာမည်နဲ့ ထိုဆော့ဝဲရဲ့အိုင်ကွန်ပုံကိုတွေ့ပါမယ် ။

ထိုပုံ၏နာမည်တိုင်း မိမိထည့်လိုသောပုံကို နာမည်ပေးပြီး ထိုဖိုဒါထဲကိုဆွဲထည့်လိုက်ပါ ။ ပြီးပါပြီ :)

မိမိထည့်သောပုံမှာ ( PNG ဖော်မက်ဖြစ်ရမယ် 96x ပတ်လည်ဆိုဒ်ဖြစ်ရပါမယ် )

ထည့်ပြီးရင် ပိတ်လိုက်လို့ရပါပြီ ထို Apk ကိုဖုန်းထဲထည့်လိုက်ပါ ။

ထို Apk ကို အင်စတောလုပ်လို့မရတော့ပါဘူး ပျက်စီးသွားပါပြီ ။
Apk ကို Apk ပြန်ပြောင်းပေးတဲ့ဆော့ဝဲနဲ့ Apk ပြန်ချိန်းရပါမယ် ။

Play Store မှာ ZipSigner ဆိုတဲ့ဆော့ဝဲကို ဒေါင်းပြီးလုပ်လိုက်ပါ ဖရီးပေးထားပါတယ် ။
ထိုဆော့ဝဲဟာ Apk ကို Apk ပြန်ချိန်းပေးတဲ့ဆော့ဝဲပါ :)

ကွန်ပြူတာမှာမိမိလုပ်ပြီးတဲ့ Apk ကို ဖုန်းထဲထည့်လိုက်ပါ ။
ပြီးရင် ZipSigner ဆော့ဝဲကိုဖွင့်လိုက်ပါ  Choose in/Out.. ကိုနှိပ်လိုက်ပြီး မိမိပြင်ထားတဲ့ Apk ကိုသွားရွေးပေးလိုက်ပြီး Sign The File ဆိုတာကို နှိပ်ပေးလိုက်ပါ ။
မျဉ်းတန်းသွားနေပါမယ် ပြည့်သွားရင် My File ထဲမှာသွားကြည့်လိုက်ပါ Apk အသစ်တစ်ခုရောက်နေပါပြီ ။

မှတ်ချက်  ။  ။  မိမိပြင်ထားပြီးတဲ့ Apk ကို ZipSigner ထဲထည့်ချိန်းမှ Apk ပြန်ထွက်ပါမယ် ။
ဘာမှပြုပြင်ထားခြင်းမရှိတဲ့ Apk အသစ်ကို ZipSigner ထဲသွားထည့်ချိန်းရင် Zip နဲ့ပဲ ထွက်လာပါမယ်...။

မားကပ်ဝင်ဖို့ရန် အဆင်မပြေသူများ ZipSigner Apk ဆော့ဝဲကို အောက်ကကြိုက်ရာလင့်မှာဒေါင်းယူပါ ။

>>>Dowload<<<

   Credit to - Djjoe Man ( MMF )

Sunday, December 29, 2013

MTK6589 MTK6577 MTK6575 နဲ့ တခြား MTK Phone ပေါင်း ၁၀၀ ကျော်ကို Root နိုင်တယ်တဲ့

MTK6589 MTK6577 MTK6575 နဲ့ တခြား MTK Phone ပေါင်း ၁၀၀ ကျော်ကို Root နိုင်တယ်တဲ့

MTK6589 MTK6577 MTK6575 နဲ့ တခြား MTK Phone ပေါင်း ၁၀၀ ကျော်ကို ကို Root နိုင်ပါတယ်တဲ့ဗျာ ဟုတ်မဟုတ် စမ်းကြည့်ပါအုံးဗျ။ mpxteam ကနေ မလာတာပါ အဆင်ပြေကြပါစေခင်ဗျာ......

 လိုအပ်သော Driver>>>>>Dowload

လိုအပ်သော Root Tool>>>>>Dowload


Credit to mpxteam (kophyo)
အဆင်ပြေပါစေ . . .

Saturday, December 28, 2013

hotmail အကောင့်နှင့် Facebook အကောင့်လျှောက်နည်း စပါယ်ရှယ်....

hotmail အကောင့်နှင့် Facebook အကောင့်လျှောက်နည်း စပါယ်ရှယ်....
ပထမဆုံး www.hotmail.com ကို သွားပါ။ ဒီပုံလေးတွေ့ရပါလိမ့်မယ်...
ကဲ ရောက်သွားရင်တော့ဖြင့် အောက်ဆုံးက Don't have a Microsoft account? Sign up now ကိုနှိပ်ပါ..။ဓါတ်ပုံလေးတွေနဲ့ ပြသထားပါတယ်။ ဒီဓါတ်ပုံလေးတွေကို ဒေါင်းထားချင်တယ်ဆိုရင် အောက်မှာဒေါင်းပါ..။
                                                 {{{DOWLOAD}}}

ဒါကတော့ ဒုတိယပုံပေါ့ဗျာ hotmail အကောင့်လျှောက်ဖို့ ပုံစံလေး ကျလာလိမ့်မယ် ပုံမှာ ပြထားသလို မိမိလိုချင်
တဲ့ အကောင့်နာမည်ကို ရိုက်ထည့်ပေးပါ...
နာမည်ကတော့ ဖြစ်သလိုပေါ့ဗျာ အင်္ဂလိပ်နာမည်လား ဘာလားတော့ မသိဘူး စိတ်ကူးပေါက်ရာ နာမည်နဲ့ လုပ်လိုက်တာဆိုတော့ သီခံပါ..။ Name နေရာမှာ မိမိနာမည်ထဲ့ပါ. ရှေ့နာမည် နောက်နာမည်ပေါ့ဗျာ...သိပြီးသား
ဒီအဆင့်မှာလည်း မရှင်းတာ မရှိလောက်ပါဘူးနော်..။ မနေ့က လျှောက်တာတော့ Security question မဖြေရဘူးဗျ။ Post Code ZIP Code တောင်းရင် 4802 ကို ထည့်ပါ..။
ကဲ လိုအပ်တာ ဖြည့်ပြီးရင်တော့ I Accept ကို နှိပ်လိုက်ပါ...။

ကဲ hotmail အကောင့်လျှောက်တာ အောင်မြင်သွားပါပြီ...။ hotmail အကောင့်နာမည်က skyjan4@hotmail.com
ပေါ့ဗျာ...။ ကဲ အဲဒီအကောင့်နဲ့ဘဲ facebook အကောင့်လျှောက်ပါ့မယ်...နော်....။
                                         Faebook အကောင့်လျှောက်နည်း.....။
ပထမဆုံး www.facebook.com ကို သွားလိုက်ပါ...။
Fast Name Last Name မှာကတော့ hotmail မှာ ပေးခဲ့သလို မရတဲ့အတွက် Sky Jan Sky ဟု ပေးလိုက်သည်။
ဓါတ်ပုံရဲ့ Date ကိုကြည့်ပြီး မဝေဖန်နဲ့ဦးနော်။ အဲဒီတုန်းက ခုနေရာပုံကို မရိုက်မိဘူးဗျာ..။ ရိုက်မိတဲ့ဟာက Sky Jan
4 ဆိုတာကြီးမို့ ပြန်ဖျက်လိုက်ပြီ...။ ဒါလေးတော့ သီးခံပါ..ပုံမှာ ပြထားသလို မိမိ Email ထည့်ပါ ကိုယ့် Password
ဖြည့်ပါ..။ hotmail လျှောက်ခဲ့တုန်းက ကိုယ့်မွေးနှစ်မွေးလကို ပြန်ထည့်ပေးပါ...။ ယောကျာ်းလေးကို Male
မိန်းကလေးကို female အမှတ်အသားပေးခဲ့ပေါ့..။
 ကဲ ဒီအဆင့်မှာ gmail နဲ့လျှောက်ရင် လော့ကျတာဘဲဗျာ။ ဒီအဆင့်အောင်ရင် အဆင်ပြေတာဘဲ။ hotmail နဲ့က
တော့ တစ်ခါမှ လော့မကျဖူးသေးဘူး။ facebook နဲ့ Microsoft နဲ့က ပါတနာတွေနဲ့ တူပါတယ်..။ ဒါကြောင့် လော့
ကျခဲတယ်လေ...။ ကဲ Skid လေး နှိပ်ကျော်လိုက်ပါ...။
Skid ကိုဘဲ ဆက်နှိပ်ပါ..။ Step 3 အဆင့်ရောက်အောင် Skid နဲ့ ကျော်ခဲ့ပါ..။
မကြိုက်ရင်လည်း Like လုပ်ပေးခဲ့ပါ..။
ဒီအဆင့်မှာတော့ ကိုယ့်မှာ ရှိတဲ့ ဓါတ်ပုံလေး ထည့်ပေးလိုက်ပေါ့ဗျာ..။
ကဲဗျာ အောင်မြင်သလောက်ရှိနေပါပြီ ပို့စ်လေး တစ်ခုနှစ်ခုလောက်တင်လိုက်ပါ.။ နောက်ပြီးတော့ ခုနဖွင့်ခဲ့တဲ့..။
hotmail ထဲကို ပြန်သွားလိုက်ပါဦး..။ facebook က မေးနှစ်စောင် ပို့ထားတယ်။ ဖောက်ကြည့်လိုက်ပါ...
hotmail ထဲမှာ facebook က ပို့လိုက်တဲ့ မေးကို ဖွင့်လိုက်ရင် Confirm Your Account ဆိုတာလေးတွေ့မယ်..။
အဲဒါလေးနှိပ်ပြီး အတည်ပြုပေးပါ..။ ဒါဆိုရင်တော့ဖြင့် facebook အကောင့်တစ်ခု လုံးဝလုံးဝ အဆင်ပြေပြေ...
သုံးနိုင်ပါပြီဗျာ...။ အထူးမှာလိုသည်မှာ တစ်ပတ်အတွင် Friend တွေ အများကြီး ဖိတ်ခြင်း Fanpage တွေကို Like
လုပ်ခြင်းတွေကို များများ မလုပ်ပါနဲ့ဦးနော်..။ Group တွေကိုလည်း သိပ်ကြီး မ၀င်ပါနဲ့ဦးလို့ မှာလိုက်ချင်တယ်..။
facebook က ဒီကောင် မဟုတ်တာ လုပ်တဲ့ကောင် ထင်တယ် စပန်ထင်တယ်ဆိုပြီး...သတ်မှတ်သွားမှာစိုးလို့ပါ..။

ကဲ အားလုံးဘဲ အဆင်ပြေကြပါစေ.....။

Youtube and Facebook Video Download Website

Youtube and Facebook Video Download Website



Youtube နှင့် facebook က ဗွီဒီများကို ဒေါင်းလော့ချလိုရင်ဖြင့် ဒီ Website လေးက သင့်ကို ကူညီပါလိမ့်မယ်။
တစ်ခါတစ်လေမှာ Youtube က ဗွီဒီယိုတွေကလည်း ဒေါင်းရတာ နဲနဲကတ်သီးကတ်သတ်နေတတ်တယ်။ အဲဒီ
လို အခါမျိုးမှာ ဒီဆိုက်လေးကတော့ အတော်ဟန်ကျပါတယ်။ IDM ရှိသော်လည်း တစ်ခါတစ်လေပေါ့ဗျာ။
ဒေါင်းမရတဲ့ အခက်အခဲလေးတွေ ဖြစ်ဖူးမှာပါ။ အဲဒီလို ဖြစ်တဲ့အခါ ဒီဆိုက်လေးသိထားတော့ ပိုကောင်းတာ
ပေါ့။ ဒေါင်းလော့ချလိုတဲ့ Youtube က လင့်ကို ကော်ပီကူးပြီးတော့ ဒီ Website က URL နေရာမှာ ကူးထည့်ပါ
ပြီးရင် DOWNLOAD ဆိုတာလေးနှိပ်။ ခဏလောက်စောင့်ပါ ခဏကြာရင်တော့ Download this Video ဆို
တဲ့ လင့်လေးကျလာလိမ့်မယ်။ ကဲ ဒါဆိုရင်တော့ ဒေါင်းလော့ချလို့ရပါပြီ။ Download this Video ဆိုတာကို နှိပ်
လိုက်ရင် ဒေါင်းလော့ချတော့တာဘဲ ဘာမှ မခက်ပါဘူး။ ကဲ အဆင်ပြေပါစေ....။ facebook က ဗွီဒီယိုတွေ ဘယ်လို ဒေါင်းသလဲ မသိသေးရင်အောက်မှာကြည့်ပါ........
                                        {{{open website link}}}

Sunday, December 22, 2013

Built In မြန်မာစာမပါသော Android ဖုန်းတချို့တွင် Built In မြန်မာစာစနစ်ထည့်သွင်းနည်း

Built In မြန်မာစာမပါသော Android ဖုန်းတချို့တွင် Built In မြန်မာစာစနစ်ထည့်သွင်းနည်း

ဒီနေ့ Share ပေးလိုက်တဲ့ နည်းပညာလေးကတော့ Built In မြန်မာစာမပါသော Android ဖုန်းတချို့တွင် Built In မြန်မာစာစနစ်ထည့်သွင်းနည်း လေးကို မျှဝေပေးလိုက်ပါတယ်။ Locale & Language Pro Donate.apk File လေးကို အသုံးပြုရမှာပါ။ ပြီးတော့ Android Version 4.2+ အထက် Device ဖြစ်ပြီ Root လုပ်ထားဖို့လည်း လိုပါတယ်။ ဒီ Application လေးကို Google Play Applicatios Store မှာဆိုရင် US$2.06 Buy ပေးဝယ်ယူရမှာဖြစ်ပြီး ဒီမှာတော့ Free Download ရယူနိုင်ပါတယ်။ အောက်မှာရယူနိုင်ပါတယ်။ အသေးစိတ် Infomartion ကိုတော့ အောက်မှာ ထည့်ပေးထားတဲ့ Google Play Link မှာ လေ့လာနိုင်ပါတယ်။ လုပ်နည်းကိုလည်း ပုံနဲ့တကွ ရှင်းပြထားပါတယ်။

click here dowload

Views Info To Google Play

အဆင့် ၁။ အပေါ်ကပေးထားတဲ့ Locale & Language Pro.apk File Download ဆွဲပြီ ဖုန်းထဲကို Install လုပ်ပြီ ဖွင့်လိုက်ပါ။ အောက်ပုံကို ကြည့်ပါ။
ပထမ ပုံအတိုင်း + ပုံလေးကို နှိပ်ပါ၊ ဒုတိယ ပုံအတိုင်း ထွက်လာပါက Language နှင့် Country နေရာမှာ Select ကိုနှိပ်ပြီးရွေးပေးလိုက်ပါ။ တိုက်ရိုက် ရေးထည့်ချင်ရင်တော့ Language – my | Country – MM လို့ ရေးထည့်ပေးလိုက်ရုံပါပဲ။ Select ကိုနှိပ်ပြီးရွေးရင်တော့ အောက်ပုံကို ကြည့်ပါ။
   
 


အပေါ်က ပုံအတိုင်းမြင်တော့ ရပြီဆိုရင် OK ခလုတ် ကို နှိပ်ပြီ Permission တောင်းရင်တော့ Allowပေးပြီး ဖုန်းကို Reboot လုပ်ပေးပါ…. ပြန်တက်လာရင်တော့မြန်မာစာလေးနဲ့လန်းနေပြီနော်…ပြီးပါပြီ.......
အဆင်ပြေကြပါစေ.........

Saturday, December 21, 2013

Playstore မှ ဒေါ်လာနဲ့ ၀ယ်ရတဲ့ Andriod Game တွေကို Free ဒေါင်းချင်တဲ့ သူငယ်ချင်းတွေ အတွက်

Playstore မှ ဒေါ်လာနဲ့ ၀ယ်ရတဲ့ Andriod Game တွေကို Free ဒေါင်းချင်တဲ့ သူငယ်ချင်းတွေ အတွက်

 Playstore မှ ဒေါ်လာနဲ့ ၀ယ်ရတဲ့ Andriod Game တွေကို Free ဒေါင်းချင်တဲ့ သူငယ်ချင်းတွေ အတွက်

ဒီနေ့ သူငယ်ချင်းများကို Andriod Game ကို 99% Free ဒေါင်းလို့ရတဲ့ ဆိုဒ်ကို လမ်းညွှန်ပေး လိုက် ပါမယ်။ တကယ်ကို Free ဒေါင်းလို့ရတာနော်။ Playstore မှာ ဒေါ်လာနဲ့ ပေးဝယ်ရလို့ HD Game တွေ ယူမရပဲ စိတ်ညစ်နေတဲ့ Game ၀ါဒနာရှင်တွေအတွက် အရမ်းကို အသုံးဝင်စေမှာပါ။ လင့်သေ တာတွေ ဒေါင်း မရတာတွေ မရှိပါဘူး။

အဲဒီဆိုဒ်ရဲ့ ညာဘက်အပေါ်က Scarch နေရာမှာ ကိုလိုချင်တဲ့ Game နာမည်ကိုရိုက်ထည့်လိုက်တာနဲ့ တန်း ဒေါင်းလို့ရပါတယ်။ HD Game တွေဆိုရင် 1.5 GB, 1.6GB လောက်ရှိတဲ့ Game တွေတောင် Data ဖိုင်ပါအပြည့်စုံတင်ထားပေးတာမို့ အမ်းကိုအဆင်ပြေစေမှာပါ။ အောက်ကလင့်မှာ ၀င်ပြီး လိုချင်တဲ့ Game ကို စိတ်ကြိုက် ဒေါင်းယူနိုင်ပါပြီ။

  အားလုံးအဆင်ပြေပါစေ.......   



Friday, December 20, 2013

Huawei တွေမှာ official firmware ပြန်တင်တာဖြစ်ဖြစ်၊ Update လုပ်တာဖြစ်ဖြစ် Noti Bar ပျောက်သွားရင်ဖြေရှင်းနည်း

Huawei တွေမှာ official firmware ပြန်တင်တာဖြစ်ဖြစ်၊ Update လုပ်တာဖြစ်ဖြစ် Noti Bar ပျောက်သွားရင်ဖြေရှင်းနည်း

requirement ကတော့ root access, root explorer နဲ့ busy box သွင်းထားပါ။
DOWLOAD Root Explorer
DOWLOAD Busy Box

၁ - root explorer ထဲဝင်ပါ root access ပေးပါ။ read only ကနေ read write ပြောင်းပေးပါ
- data folder ထဲဝင်ပါ custom.bin ကို text Viewer နဲ့ဖွင့်ပြီး ထိုထဲက စာကိုမှတ်ထားပါ

- ယခု example တွင် custom.bin ထဲက content ပုံတွင်ပြထားသည့်အတိုင်း သည် " mpt/mm " ဖြစ်သည်။
- ၂ - root explorer ရဲ့ default directory ကို back key ဖြင့်ပြန်သွားပါ။
- cust folder ထဲဝင်ပါ။ယခု example တွင် cust folder အောက်ထဲတွင် "chinatelecom/cn "
folder များအသီးသီးရှိပါသည်။


cust folder အောက်ထဲ "chinatelecom/cn " folder နှစ်ခုလုံးကို custom.bin မှမှတ်လာသော " mpt/mm " သို့အသီးသီးပြောင်းပေးပါ။

- ၃ - ဖုန်းကို reboot လုပ်ကြည့်ပါ။(မရလျှင် factory reset လုပ်ပါ)
ကဲဒါဆိုအားလုံးအဆင်ပြေဘီဗျာ...။

ကဲဒါဆိုအားလုံးအဆင်ပြေဘီဗျာ...။
အဆင်ပြေပါစေ . . . 





zapya သုံးသူများ အတွက် computer zapya.exe

zapya သုံးသူများ အတွက် computer zapya.exe

zapya သုံးတဲ့ user များအတွက် computer မှာလဲ zapya အသုံးပြုလို့ရပြီနော်

 >>>DOWLOAD<<<