Apk ဖိုင်များကို မိမိကြိုက်ရာ အိုင်ကွန်ပုံချိန်းနည်း
Apk ပေါ်မှာ Right Click နှိပ်လိုက်ပါ
7zip >>> Open archive >>> res >>> drawable-xhdpi ဆိုတဲ့ဖိုဒါထဲက icon ဆိုပြီးထိပ်စီးနာမည်နဲ့ ထိုဆော့ဝဲရဲ့အိုင်ကွန်ပုံကိုတွေ့ပါမယ် ။
ထိုပုံ၏နာမည်တိုင်း မိမိထည့်လိုသောပုံကို နာမည်ပေးပြီး ထိုဖိုဒါထဲကိုဆွဲထည့်လိုက်ပါ ။ ပြီးပါပြီ :)
မိမိထည့်သောပုံမှာ ( PNG ဖော်မက်ဖြစ်ရမယ် 96x ပတ်လည်ဆိုဒ်ဖြစ်ရပါမယ် )
ထည့်ပြီးရင် ပိတ်လိုက်လို့ရပါပြီ ထို Apk ကိုဖုန်းထဲထည့်လိုက်ပါ ။
ထို Apk ကို အင်စတောလုပ်လို့မရတော့ပါဘူး ပျက်စီးသွားပါပြီ ။
Apk ကို Apk ပြန်ပြောင်းပေးတဲ့ဆော့ဝဲနဲ့ Apk ပြန်ချိန်းရပါမယ် ။
Play Store မှာ ZipSigner ဆိုတဲ့ဆော့ဝဲကို ဒေါင်းပြီးလုပ်လိုက်ပါ ဖရီးပေးထားပါတယ် ။
ထိုဆော့ဝဲဟာ Apk ကို Apk ပြန်ချိန်းပေးတဲ့ဆော့ဝဲပါ :)
ကွန်ပြူတာမှာမိမိလုပ်ပြီးတဲ့ Apk ကို ဖုန်းထဲထည့်လိုက်ပါ ။
ပြီးရင် ZipSigner ဆော့ဝဲကိုဖွင့်လိုက်ပါ Choose in/Out.. ကိုနှိပ်လိုက်ပြီး မိမိပြင်ထားတဲ့ Apk ကိုသွားရွေးပေးလိုက်ပြီး Sign The File ဆိုတာကို နှိပ်ပေးလိုက်ပါ ။
မျဉ်းတန်းသွားနေပါမယ် ပြည့်သွားရင် My File ထဲမှာသွားကြည့်လိုက်ပါ Apk အသစ်တစ်ခုရောက်နေပါပြီ ။
မှတ်ချက် ။ ။ မိမိပြင်ထားပြီးတဲ့ Apk ကို ZipSigner ထဲထည့်ချိန်းမှ Apk ပြန်ထွက်ပါမယ် ။
ဘာမှပြုပြင်ထားခြင်းမရှိတဲ့ Apk အသစ်ကို ZipSigner ထဲသွားထည့်ချိန်းရင် Zip နဲ့ပဲ ထွက်လာပါမယ်...။
မားကပ်ဝင်ဖို့ရန် အဆင်မပြေသူများ ZipSigner Apk ဆော့ဝဲကို အောက်ကကြိုက်ရာလင့်မှာဒေါင်းယူပါ ။
>>>Dowload<<<
Credit to - Djjoe Man ( MMF )
0 comments :
Post a Comment