Android အတွက် သင်ခန်းစာ ၂ (ADB Command များ)
Android အတွက် သင်ခန်းစာ ၂ (ADB Commands)
Android အတွက် သင်ခန်းစာ ၂ မှာ အရင် သင်ခန်းစာမှာ ပြောထားတဲ့ ADB Tool Kit လေးကို Download လုပ်ရပါမယ်ခင်ဗျာ။ဒီမှာ Download လုပ်လိုက်ပါ။
http://d-h.st/yechttp://www.mediafire.com/download/yfe8589ca88ay4l/Android.rar
ပြီးရင် အဲ့ Folder ကို Documents အောက်မှာ သွားထည့်ထားလိုက်ပါ။Documents ထဲမှာဆိုတော့ သုံးရတာအဆင်ပြေတာပေါ့။
အရင်ဆုံး Window Key နဲ့ R ကိုနှိပ်လိုက်ပါ။Run Box တက်လာပါလိမ့်မယ်။အဲ့ Box မှာ cmd လို့ရိုက်လိုက်ပါ။
အမဲရောင် အကွက်ကြီးတက်လာပါလိမ့်မယ်။အဲ့ Box မှာ cd Documents လို့ရိုက်လိုက်ပါ။ပြီးရင် cd Android လို့ထပ်ရိုက်လိုက်ပါ။ဒါဆိုရင်တော့ ခုနက ဆောက်ထားတဲ့ ADB Folder ထဲကိုရောက်သွားပါပြီ။
အပေါ်ကအဆင့်တွေကိုရိုက်ပြီးပြီဆိုရင်တော့ adb.exe ကိုရိုက်လိုက်ပါ...စာတန်းတွေပြေးသွားပါလိမ့်မယ်...
အဲ့မှာ ADB Command တွေကို သုံးလို့ရပါပြီခင်ဗျာ... အောက်မှာ ADB Code တွေသုံးနည်းတွေပါ...
ဖုန်းကို သိ,မသိ ကြည့်ချင်ရင်
adb devices ကိုရိုက်ပြီးတော့ Enter ခေါက်လိုက်ပါခင်ဗျာ... ဒါဆိုရင် List of devices attached
ဆိုတဲ့အောက်မှာ device ဆိုတဲ့ စာလေးပေါ်ရင်တော့ စက်ကိုသိပါတယ်ခင်ဗျာ...
အောက်က ပုံအတိုင်းပါခင်ဗျာ…
အဲ့အတိုင်းလေးပေါ်နေပါလိမ့်မယ်…
Application တွေကို Install လုပ်မယ်ဆိုရင်
adb install app name.apk ( app name ဆိုတဲ့ နေရာမှာ Application ရဲ့ နာမည်ကို ထည့်ရမှာပါ)
Memory Card ထဲကို Install လုပ်မယ်ဆိုရင်
adb install –s app name.apk ( app name ဆိုတဲ့ နေရာမှာ Application ရဲ့ နာမည်ကို ထည့်ရမှာပါ)
Installလုပ်တာပြီးသွားရင်တော့ Success ဆိုပြီးတော့ ပြပါတယ်…
အောက်ကပုံကိုကြည့်ပါ…
ဒီနေရာမှာ Memory Card ထဲကို ထည့်ချင်တယ်ဆိုရင် အပေါ်မှာပြောထားခဲ့တဲ့
adb install –s app name.apk ကို ရိုက်ရမှာပါခင်ဗျာ…
ဖုန်းထဲမှာ ရှိုပြီးသား Application ကိုပြန်ပြီးတော့ Install လုပ်ချင်ရင်
adb install –r app name.apk လို့ရိုက်ရမှာပါ။
Application တွေကို Uninstall လုပ်မယ်ဆိုရင်
အပေါ်မှာဆို Facebook ကို Install လုပ်ပြထားပါတယ်။Uninstall လုပ်မယ်ဆိုရင် အဲ့ Facebook ရဲ့
Package Name com.facebook.katana ကို ရိုက်ရမှာပါခင်ဗျာ။
adb uninstall com.facebook.katana (အဲ့လိုရိုက်ရမှာပါ။com.facebook.katana
နေရာမှာ တခြား Package Name တွေနဲ့ အစားထိုးပြီးတော့ Uninstall လုပ်ရမှာပါ)
ဖုန်းရဲ့ Memory ထဲကို File ထည့်ချင်တယ်ဆိုရင်
adb push name.apk /sdcard/ (အဲ့ name.apk ဆိုတဲ့နေရာမှာ တစ်ခြား နာမည်နဲ့ တစ်ခြား apk
မဟုတ်တဲ့File ကိုထည့်ချင်တယ်ဆိုရင်တော့ apk နေရာမှာ တစ်ခြားနာမည်ကို ထည့်ရမှာပါ ဥပမာ-exe
ပေါ့)
ဖုန်းရဲ့ Memory ထဲကနေ File ဆွဲထုတ်ချင်တယ်ဆိုရင်
adb pull /sdcard/name.apk ((အဲ့ name.apk ဆိုတဲ့နေရာမှာ တစ်ခြား နာမည်နဲ့ တစ်ခြား apk
မဟုတ်တဲ့File ကိုထုတ်ချင်တယ်ဆိုရင်တော့ apk နေရာမှာ တစ်ခြားနာမည်ကို ထည့်ရမှာပါ ဥပမာ-exe
ပေါ့)
ဖုန်းထဲမှာ Folder ဆောက်ချင်တယ်ဆိုရင်
adb shell mkdir /sdcard/Folder Name (Folder Name ဆိုတဲ့နေရာမှာ ကိုယ်ပေးချင်တဲ့
နာမည်ပေးရမှာပါ)
ဖုန်းထဲက Folder တွေကို ဖျက်ချင်ရင်
adb shell rm /sdcard/Folder Name (Folder Name ဆိုတဲ့ နေရာမှာ ဖျက်ချင်တဲ့ Folder ရဲ့
နာမည်ကို ရိုက်ရမှာပါ)
ဖုန်းမှာ Root Acess ရှိလား မရှိလားသိချင်ရင်
ဖုန်းမှာ Root လုပ်ထားလား မလုပ်ထားလားသိချင်ရင်
adb shell လို့ အရင်ရိုက်လိုက်ပါ။အောက်ကလိုပုံမျိုးဖြစ်နေပါမယ်။
ပြီးရင် su လို့ထပ်ရိုက်လိုက်ပါအောက်ကပုံအတိုင်း # လေးပေါ်နေရင် Root Access ရပါပြီ။
Root မလုပ်ထားရင်တော့ error:su not found ဆိုပြီးတော့ ပြပါလိမ့်မယ်။
Root မလုပ်ထားရင်တော့ error:su not found ဆိုပြီးတော့ ပြပါလိမ့်မယ်။
တချို့ဖုန်းတွေက recovery mode တို့ fastboot mode တို့ ၀င်ရတာ ခက်ပါတယ်
အဲ့လိုမျိုးဝင်ရတာခက်နေရင် adb command ကနေ၀င်လို့ရပါတယ်
Recovery Mode ကိုဝင်ချင်တယ်ဆိုရင် adb reboot recovery လို့ရိုက်ရပါမယ်
Fastboot Mode ကို ၀င်ချင်တယ်ဆိုရင် adb reboot bootloader လို့ရိုက်ရပါမယ်ခင်ဗျာ။
အရင်ဆုံးဒီ Command တွေကို လေ့လာလိုက်ပါဦးခင်ဗျာ။နောက်သင်ခန်းစာမှာ adb command တွေကို
ကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်အောင် သင်ပြပေးသွားမှာပါ။ကိုယ်သုံးတတ်ရင် သုံးတတ်သလိုတော့
ခိုင်းနိုင်ပါတယ်ခင်ဗျာ…။ :D
Written By Kyaw Min Khant
Written By Kyaw Min Khant
ယခုဖော်ပြပါ Tutorial ကို PDF ဖိုင်အဖြစ် သိမ်းဆည်းထားလိုပါက
0 comments :
Post a Comment